Dil Ka Rishta (2003)



ဇာတ်လမ်းအကျဉ်း
မီလျှံနာ သူဌေးသား ဇေယျမေတာဟာ နားမကြားကျောင်းမှ ဆရာမလေး တီအာ ကို ချစ်မိသွားပါတယ်။ တီအာမှာ ချစ်သူ ရာဇာ နှင့် လက်တွဲ သွားသည့်အတွက် ဇေယျ အနေနဲ့ အသဲကွဲဖို့ဖြစ်လာရပါတယ်။ ညတစ်ညမှာတော့ ဇေယျမေတာ မောင်းလာတဲ့ကားနဲ့ တီအာတို့ ဇနီးမောင်နှံ မောင်းလာတဲ့ ကားတို့ တိုက်မိခဲ့ပါတယ်။ ကံကြမ္မာအလှည့်အပြောင်း ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကတော့ .....
imdbwikipedia

မြန်မာစာတန်းထိုး
ကုလားကားတို့ ထုံးစံအတိုင်း ပြဇာတ်ဆန်ဆန်ရိုက်ကူးထားတာဖြစ်ပေမယ့် ကြည့်ရတဲ့သူတွေအတွက် ကြည့်နူးမှုလေးရစေမယ်လို့ ထင်ပါတယ်။ အရမ်းကြိုက်မိတဲ့ ဇာတ်ကားဖြစ်သလို မြန်မာစာတန်းထိုးလဲ မတွေ့ဖူးတာဖြစ်လို့ ကျွန်တော့် ရဲ့ ပထမဆုံး စာတန်းထိုးဖိုင် အဖြစ် ဒီဇာတ်ကားလေးကို ဘာသာပြန်ဖြစ်လိုက်ပါတယ်။ မြန်မာစာတန်းထိုးဖိုင်ကိုတော့ ဒီမှာ ရယူနိုင်ပါတယ်။

ရုပ်ရှင် ဒေါင်းရန်
မြန်မာစာတန်းထိုးပေါင်းပြီးသား ရုပ်ရှင်ဖိုင်ကိုပါ မျှဝေနိုင်ဖို့ ကြိုးစားပါမယ်။ လောလောဆယ်တော့ မကြာမီမျှော် ပေါ့။
Youtube မှာတော့ ရှုစားနိုင်ပါတယ်။ မြန်မာဘာသာပြန်ထားပြီးသားကို  youtube မှာ တင်ဖူးပေမယ့် မူပိုင်ခွင့်ငြိလို့ ဖြုတ်ချခံရပါတယ်။



Comments

Post a Comment