Mahabharat (2013 TV Series) episode 1


မဟာဘာရတ
မဟာဘာရတသည် ဟိန္ဒူဘာသာဝင်တို့၏ ဘာသာရေး ကျမ်းတစ်စောင်ဖြစ်သည်။ ရှေးခေတ် ဂရိစာပေတွင် "ဣလယက်"နှင့် "ဩဒက်ဆီ" အမည်ရှိ သူရသတ္တိကို ဖော်ပြသော မှတ်တမ်းတင် လင်္ကာရှည်ကြီး နှစ်စောင် ထင်ရှားသကဲ့သို့ ရှေးခေတ် အိန္ဒိယစာပေတွင်လည်း မဟာဘာရတ နှင့် ရာမယဏမည်သော လင်္ကာရှည်ကြီးနှစ်စောင် ထင်ရှားကျော်ကြားခဲ့သည်။
မဟာဘာရတသည် ဘာရတမင်း၏ အနွယ်များဖြစ်ကြသည့် ပဏ္ဍဝမင်းသားတို့နှင့် ကောရဗျမင်းသားတို့ တဖက်နှင့်တဖက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြသည့် စစ်ပွဲကြီးအကြောင်းကို သက္ကတဘာသာဖြင့် ပြဆိုရာ လင်္ကာရှည်ကြီးဖြစ်သည်။
အကိုးအကား။  ။မြန်မာဝီကီပီးဒီးယား

ဇာတ်လမ်းအကျဉ်း (အပိုင်း ၁)
ဘာရတအနွယ် မင်းကြီး သာန္တနုမင်းလက်ထက်တွင်ဖြစ်သည်။ မင်းကြီးမှာ မိဖုရားမရှိသေးသဖြင့် ပြည်သူအပေါင်းတို့ စိုးရိမ်သောကရောက်နေကြရသည်။ တကယ်တမ်းတော့ မင်းကြီးရဲ့ မိဖုရားမှာ ဂင်္ဂါနတ်သမီးဖြစ်သည်။ မင်းကြီးရဲ့ ကတိစကားပျက်ကွက်မှုကြောင့် သားတော်ကို ခေါ်ဆောင်ကာ ဂင်္ဂါဒေဝီမှာ ထွက်ခွာသွားခြင်းဖြစ်သည်။ လက်ရှိတွင် သာန္တနုမင်းကြီးမှာ တံငါသည်တို့၏ အကြီးအမူး၏ သမီးတော် သစ္စဝတီမင်းသမီးနှင့် ရည်ငံလျှက်ရှိသည်။ ထိုအချိန်တွင်.......
ဂင်္ဂါနတ်သမီးမှ သားတော် ဒေဝဗြတကို မင်းကြီးထံ ပြန်လည်ခေါ်ဆောင်လာခဲ့သည် .......
ဝီကီပီးဒီးယားimdb

မြန်မာစာတန်းထိုး
ရာမာယဏကို မြန်မာအများစု ရင်နှီးကြသော်လည်း မဟာဘာရတကို မသိကြသည်က များပါတယ်။ ဒါကြောင်လဲ မဟာဘာရတနဲ့ ပတ်သက်တာကို ရနိုင်သလောက် စုဆောင်းပါတယ်။ ခက်တာက စာအုပ် စုစုပေါင်း ၃ အုပ်သာ ရှာတွေ့ခဲ့ပါတယ်။ ဒီဇာတ်လမ်း စတင်ပြသတော့ စိတ်ဝင်တစားကြည့်ဖို့ ကြိုးစားပါတယ်။ သို့သော် ကြည့်ခွင့်မရခဲ့ပါဘူး။ အခုတော့ ကြည့်ခွင့်ရတဲ့အချိန်မှာ တစ်ခါတည်း ဘာသာပြန်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ စာတန်းထိုးဖိုင်ကို ဒီမှာ ရယူနိုင်ပါတယ်။

ရုပ်ရှင်ရယူရန်
မြန်မာစာတန်းထိုးပြီးသာ မဟာဘာရတ အပိုင်းတစ်ကို ဒီမှာ ရယူနိုင်ပါပြီ။

Comments

  1. It's a greatest and most epic TV series that I ever watch, please upload entire series, than you very much for your effort.

    ReplyDelete

Post a Comment